Sunday, November 16, 2008

ဗိုလ်ချုပ်ကြီး ဒေါက်ကလပ်မက်အာသာ၏ သားတစ်ယောက်ထုဆစ်ပေးပါရန် ဆုတောင်း

ဒုတိယကမာစစ်အတွင်းက လက်နက်ချသော ဂျပန်တပ်မတော်ထံမှ လက်နက်ကို တရားဝင်လက်ခံခဲ့သူ အောင်ပွဲခံ အမေရိကန် တပ်မတော်၊ ဗိုလ်ချုပ်ကြီး မက်အာသာသည် စစ်တိုက်ရာတွင် ထူးချွန်အောင်မြင်သော ခေါင်းဆောင်ဖြစ်သကဲ့သို့ စာရေးလည်း ကောင်းသူ တစ်ဦး ဖြစ်ပါသည်။ သူ၏ ရုံးစားပွဲပေါ်တွင် သူက ကိုယ်တိုင်ရေးသားထားသော ဆုတောင်းစာလေး မှန်ဘောင်နှင့် ထည့်သွင်းကာ အမြတ်တနိုး တင်ထားလေ့ရှိသည်။ အမှန်ပင် သူ၏သားဖြစ်သူအတွက် ရေးသောပေးစာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သူက သူ၏ လက်အောက်အရာရှိ ဗိုလ်အဆင့်ဆင့် လူငယ်လူရွယ်များကို သွယ်ဝိုက်စွာ ရည်ညွန်းဆုံးမလိုခြင်းလည်း ဖြစ်ချင်ဖြစ်မည်။
ဗိုလ်ချုပ်ကြီး မက်အာသာ၏ ထိုဆုတောင်းစာလေးမှာ အလွန်လူသိများပြီး ထင်ရှားပါသည်။ မက်အာသာ၏ စာမူရင်းမှာ-
အို.........အရှင်.......
အကျွန်ုပ်အား သားတစ်ယောက် ထုဆစ်ပေးသနားစေလိုပါတယ်။ ဒီသားဟာ.....
၁။ အားနည်းနေချိန်မှာ သန်မာကြံ့ခိုင်တဲ့သူအဖြစ်ကို သိတဲ့သား....
၂။ ဂုဏ်ရှိရှိ ရှုံးနိမ့်ရချိန်မှာ မာနမကျိုး ခါးမချိုးတဲ့သား....
၃။ အောင်ပွဲခံနိုင်ချိန်မှာ မ၀င့်မ၀ါဘဲ သိမ်မွေ့ယဉ်ကျေးတတ်တဲ့သားမျိုး ဖြစ်စေချင်ပါတယ်။

အကျွန်န်ုပ်အား သားတစ်ယောက် ထုဆစ်ပေးသနားစေလိုပါတယ်။
၎။ ဒီးသားရဲ့ညှပ်ရိုးဟာ ကျောရိုးရှိရမယ့်နေရာမှာ ရောက်မနေတဲ့သား....
၅။ အရှင့်ကို ကောင်းစွာသိတဲ့သား.....
၆။ သူကိုယ်တိုင်ဟာ အသိပညာရဲ့အုတ်မြစ် ကျောက်တုံးဖြစ်မှုကို သိတဲ့သားမျိုး ဖြစ်စေချင်ပါတယ်။
၇။ သူ့ကို ပန်းခင်းလမ်းဆီ မညွှန်ကြားဘဲ အခက်အခဲအမျိုးမျိုးကြားမှာ စွမ်းပကားအပြည့်နဲ့ ရုန်းကန်လှုပ်ရှားရမယ့်လမ်းဆီသို့သာ ညွှန်ကြားဖို့ ပန်ကြားအပ်ပါတယ်။
၈။ အဲဒီနေရာက မုန်တိုင်းထဲမှာ မားမားမတ်မတ် ရပ်နိုင်ဖို့ သင်ယူခွင့် ပေးစေချင်ပါတယ်။
၉။ မရပ်နိုင်ဘဲ ပြိုလဲ ကျဆုံးသွားသူတွေကို ကြင်နာသနားတတ်အောင် သင်ယူစေချင်ပါတယ်။

အကျွန်န်ုပ်အား သားတစ်ယောက် ထုဆစ်ပေးသနားစေလိုပါတယ်။
၁၀။ နှလုံးသား ကြည်လင်ပြတ်သားတဲ့သား......
၁၁။ ပန်းတိုင်မြင့်မားတဲ့သား.....
၁၂။ တခြားလူတွေအပေါ် သြဇာညောင်းနိုင်ဖို့ လမ်းရှာမတွေ့ခင်မှာ သူ့ကိုယ်သူ သြဇာညောင်းနိုင်တဲ့သား....
၁၃။ ရယ်ခြင်းအတတ်ကို တစ်ဖက်ကမ်းခတ် တက်မြောက်ပေမယ့် ငိုနည်းကိုလည်း ဘယ်တော့မှ မမေးတဲ့သား....
၁၄။ အနာဂတ်ကာလထဲ ရောက်သွားပေမယ့် အတိတ်ကို တစ်ဆစ်တရံကလေးတောင် မေ့မပစ်တတ်တဲ့သားမျိုး ဖြစ်စေချင်ပါတယ်။

ဒီအရည်အသွေးတွေအပြင်......
၁၅။ သူ့မှာ ဟာသဓာတ်ခံလေးလည်း ရှိစေချင်ပါသေးတယ်။ ဒါမှ သူ့အတွက် ဘယ်တော့မှ အလေးအနက်မထားပေမယ့် အများတကာ အတွက် အလေးအနက် အမြဲထားသွားတတ်မှာပါ။
၁၆။ နှိမ့်ချတတ်တဲ့ သားတစ်ယောက်လည်း ဖြစ်စေချင်တယ်။ ဒါမှ သူဟာ
စစ်မှန်သော ကြီးမြတ်မှုရဲ့ ရိုးစင်းခြင်း...
အသိပညာရဲ့ ပွင့်လင်းစိတ်ထား...
ခွန်အားအစစ်ရဲ့ ပျော့ပျောင်းသိမ်မွေ့မှုတွေကို အမြဲသတိရနေမှာပါ။ ဒီလိုသားမျိုး ပိုင်စိုးနိုင်သည့်အခါမှ -
" ငါ အချည်းအနှီး အသက်ရှင်နေတာမဟုတ်ပါလား " လို့ တီးတိုး ရေရွတ်ရဲတော့မှာပါ။

1 comment:

Sign by Danasoft - Get Your Free Sign

Sign by Danasoft - Get Your Free Sign