Thursday, November 13, 2008

အမေနဲ့ သုံးရာသီ


ရော်ဝါရွက်ကြွေ မြေမှာလူးခ
ပုလဲမိုးပေါက် ကျရောက်သက်ဆင်း
မြူခိုးတွေဝေ ငွေနှင်းကြွေလို့
အခါခါပြောင်း ရာသီတွေဟောင်း
နှစ်တွေနှောင်းခဲ့ပေါ့....
နို့ရည်ချိုသာ တိုက်ကာပေး
လူဖြစ်အောင်ကြွေး အမေ့ကျေးဇူး
မြင့်မိုရ်ဦးကို သား ဆပ်ဖူးချင်တယ်အမေ....
ရွယ်ရည်စိတ်ကူး အပြည့်ထူးဖြင့်
ကျိုးစားကျင့်ကြံ ဇွဲမာန်သတ္တိ
အင်အားရှိရှိ ဖြတ်သန်းကျော်လွှား
အန္တရာယ်များ......
ခုအချိန်မှာ...
ဘ၀တစ်ဆင့် လှေကားထစ်ကို
တက်ကာလှမ်းကျော် အမေ့သားလူမော်
မျှော်နေမလား အမေ...
ဆံဖြူသွားကြိုး အရိုးရေတင်
အမေ့အသွင် မြင်ယောင်မျှော်တွေး
တစ်နေ့နေ့တော့ ရွှေဘုံရွှေနန်း
အနေဆန်းမှာ တလှည့်ကျွေးမွေး
နင်းနှိပ်ပေးရင် အမေ့နှလုံး
ဘယ်လိုရုန်းထ ပြုံးပြနေမှာလဲ အမေ.............

Read More...

ငှက်



ကြမ်းတမ်းခက်ထန်

လောကဓံကို

ရင်ဆိုင်ပြိုင်လှဲ

အနိုင်နွှဲဖို့

အသိုက်ထဲက

ထွက်ခဲ့တယ်..............

Read More...

သံဝေဂလင်္ကာ


နုနယ်ရုပ်ဆင်း ပျိုမြစ်ခြင်းကား
အိုချင်းနောက်ဆုံးပါတကား...
ဝိညာဉ်ထင်လင်း သက်ရှင်ခြင်းကား
သေခြင်းနောက်ဆုံးရှိချေ၏...
ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းကား
ကွေကွင်းနောက်ဆုံးရှိချေ၏...
မာနထန်ပြင်း တက်ကြွခြင်းကား
သက်ဆင်းနောက်ဆုံးရှိချေ၏............

Read More...

ခေါင်းဆောင်တစ်ယောက်တွင် ရှိအပ်သည့် အမူအကျင့်


ရဲရငိ့သည်၊ သို့သော် အနိုင်မကျင့်
နှိမ့်ချသည်၊ မတောင်းပန်တတ်..
ယုံကြည်မှုရှိသည်၊ ဘ၀င်မမြင့်
မာနရှိသည်၊ အထက်စီးကမနေ..
နူးညံ့သိမ့်မွေ့သည်၊ မပျော့ညံ့
ကြံ့ခိုင်သန်မာသည်၊ မရိုင်းပြ...
ပြတ်သားသည်၊ မခတ်ထန်
အေးမြသည်၊ မအေးစက်...
ဘ၀ကို ချစ်ခင်တွယ်တာသည်၊ သေဖို့အဆင်သင့်
ရောင့်ရဲသည်၊ အားရမကျေနပ်နေ...
အစွဲအလန်းကင်းသည်၊ ဂရုမစိုက် လျစ်လျူမရှု...

Read More...

လကိုပစ်သည့် ပြာမှုန့်များ


အပြစ်ကင်းစွာ နိပရာဓ
ဒေါသမဲ့ငြား သူမြတ်များအား
ပြစ်မှားတုံထ မိုးပေါ်လကို
စိတ်ကငြူစူ ပစ်သောမြူသည်
ပစ်သူသို့သာ ကျရောက်လာသို့....

Read More...

အသက်ရှည်ခြင်းအကြောင်း ၅ ပါး


၁။ မိမိနှင့် သင့်လျော်ရာကိုသာပြုခြင်း
၂။ အတိုင်းအရှည်ကို သိခြင်း
၃။ အစာကို ကြေညက်အောင်စားခြင်း
၎။ သီလရှိခြင်း
၅။ မိတ်ကောင်းရှိခြင်း

Read More...

ဆိတ်ဆိတ်တွေး ရေးရေးပေါ်


- အောင်မြင်စဉ် ဆုံးရှုံးခဲ့မှု သင်ခန်းစာကို မမေ့နှင့်။ သို့မှသာ အောင်မြင်မှု ကြာရှည်တည်တံ့မည်။ မအောင်မြင်မီ အောင်မြင်မှု မျှော်လင့်ချက်ကို မစွန့်နှင့်။ သို့မှသာ အကောင်းမြင် ကြိုးစားအားထုတ်မည်။
- ငွေကြေးကို မမှန်မကန်သုံးစွဲခြင်းသည် ဆင်းရဲတွင်း တူသည်မည်၏၊ ငွေကြေးကို မမှန်မကန် ရယူခြင်းသည် အနရာယ်ရှာသည် မည်၏။
- ငွေကြေးအတွက် ချစ်ခင်ရင်းနှီးမှုကို မေ့ပစ်ခြင်းသည် တစ်ကိုယ်ကောင်းဆန်စိတ် အဆုံးအစွန်တည်း။ သစာတရားအတွက် မိမိကိုယ်ကျိုးကို စွန့်လွှတ်ခြင်းသည် ရဲရင့်ခြင်းစိတ်ဓါတ် အဆုံးအစွန်တည်း။

Read More...

လူအစစ်

မင်းဟာ လူဆိုတာသိထား..
လူပီသအောင်ကြိုးစားပါ..
မြေဆီလွှာကို ရုန်းကန်ပြီးထိုးထွက်တဲ့
မြက်တစ်ပင်လောက်မှ စွမ်းအားမရှိရင်
လူဖြစ်ရတာ အလကားပဲ...
လုပ်ချင်တာထက် လုပ်သင့်တာကို လုပ်ပါ..
အခက်အခဲကို ရင်ဆိုင်ဖြေရှင်းနိုင်မှ
လူအစစ်ဖြစ်တယ်.......

Read More...

သူငယ်ချင်းများအတွက်


တစ်နေ့မှာ လူတိုင်းရဲ့ ရတဲ့အချိန်ဟာ (၂၄)နာရီချင်းတူပေမယ့်
ဘ၀တွေဘာကြောင့် မတူရတာလဲ..
အဲဒါကို သူငယ်ချင်းသိရဲ့လား...
ယုံကြည်ချက်ရှိသူတွေဟာ ရည်မှန်းချက်ရှိကြတယ်...
သာမန်ဘ၀မျိုးထက်သာချင်ရင်တော့
မာန်တင်းပြီး ကြိုးစားကြရမှာပဲ..
အနိုင်အရှုံးဆိုတာကတော့
ကိုယ်လုပ်တဲ့ လုပ်ရပ်ပေါ်မှာပဲ မူတည်တယ်...
အရေးမကြီးတာကို အရေးတကြီးမလုပ်မိပါစေနဲ့ သူငယ်ချင်း......

Read More...

မန်လည်ဆရာတော်ဘုရားကြီးရဲ့ လင်္ကာ


ပြစ်ဖွဲ့ကြည်ညို
ပြောကြဆိုလည်း
ပြောဆိုသူနှင့် နှိုင်းကာချင့်လော့.....

Read More...

Sign by Danasoft - Get Your Free Sign

Sign by Danasoft - Get Your Free Sign