ရော်ဝါရွက်ကြွေ မြေမှာလူးခ
ပုလဲမိုးပေါက် ကျရောက်သက်ဆင်း
မြူခိုးတွေဝေ ငွေနှင်းကြွေလို့
အခါခါပြောင်း ရာသီတွေဟောင်း
နှစ်တွေနှောင်းခဲ့ပေါ့....
နို့ရည်ချိုသာ တိုက်ကာပေး
လူဖြစ်အောင်ကြွေး အမေ့ကျေးဇူး
မြင့်မိုရ်ဦးကို သား ဆပ်ဖူးချင်တယ်အမေ....
ရွယ်ရည်စိတ်ကူး အပြည့်ထူးဖြင့်
ကျိုးစားကျင့်ကြံ ဇွဲမာန်သတ္တိ
အင်အားရှိရှိ ဖြတ်သန်းကျော်လွှား
အန္တရာယ်များ......
ခုအချိန်မှာ...
ဘ၀တစ်ဆင့် လှေကားထစ်ကို
တက်ကာလှမ်းကျော် အမေ့သားလူမော်
မျှော်နေမလား အမေ...
ဆံဖြူသွားကြိုး အရိုးရေတင်
အမေ့အသွင် မြင်ယောင်မျှော်တွေး
တစ်နေ့နေ့တော့ ရွှေဘုံရွှေနန်း
အနေဆန်းမှာ တလှည့်ကျွေးမွေး
နင်းနှိပ်ပေးရင် အမေ့နှလုံး
ဘယ်လိုရုန်းထ ပြုံးပြနေမှာလဲ အမေ.............